Thursday, October 14, 2010

ချစ်သူအတွက် ကဗျာ

ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”


ချစ်သူ
အရာအားလုံးကို
ငါမပိုင်တောင်
သတိရခြင်းတွေကိုငါပိုင်လို့
နင့်ကိုသတိရနေခွင့်လေးကိုတော့
ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ ။

ချစ်သူ
နင့်ကိုသတိရတဲ့အခါ
နင့်ဓာတ်ပုံလေးတွေကို
အလွမ်းပြေကြည့်ခွင့်လေးကိုတော့
ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။

ချစ်သူ
နင့်အသံလေးကိုကြားချင်မိတဲ့အခါ
နင်ဆိုပြီးပို့ပေးခဲ့တဲ့
ပူစူးရဲ့ “မ” သီချင်းလေးကို
နားထောင်နေခွင့်လေးလောက်ကိုတော့
ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။

ချစ်သူ
နင့်ကိုအရမ်းလွမ်းတဲ့အခါ
နင်ပို့ပေးခဲ့တဲ့
စာလွှာလေးတွေကို
အလွမ်းပြေပြန်ဖတ်ခွင့်လေးကိုတော့
ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။

ချစ်သူ
နင်ငါ့ကိုခုချိန်မှာမချစ်တော့ရင်လည်း
ငါ့ကိုအဝေးကနေပြီး
နင့်ကိုချစ်နေခွင့်လေးကိုတော့
ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။

ချစ်သူ
နင်ပေးခဲ့တဲ့ကတိတွေကို
နင်ကိုယ်တိုင်ပြန်ရုတ်သိမ်းသွားခဲ့ပေမဲ့လည်း
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ငါ့ချစ်ခြင်းတွေကို
နင်နားလည်လာပြီး
ငါ့ရင်ခွင်ပြန်လည်ခိုဝင်လာမဲ့နေ့လေးကိုတော့
(မဖြစ်နိုင်တော့ပေမဲ့လည်း)
ငါ့ကိုမျှော်လင့်နေခွင့်လေးကိုတော့
ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။

No comments:

Post a Comment